ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်​ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ချမ်းအေးသာစံ ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှူနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်​ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို  ယနေ့နံနက် ၉ နာရီ တွင်ဖြန့်ဝေခဲ့သည်။

ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်​ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များကို အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား လိုက်လံဖြန့်ဝေခဲ့သည်။

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်​ရေးနေ့ အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁၄) အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ် (၁၉) အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများကို လက်ကမ်းစာစောင်စုစုပေါင်း (၅၀၀) စောင် ဖြန့်ဝေခဲ့ကြောင်း သိရပါသည်။

ချမ်းမြေ့မောင်