ပြင်ဦးလွင်မြို့နယ်၌ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ၏ စွမ်းရည်မြှင့်သင်တန်း(၁/၂၀၂၆)ဖွင့်လှစ်

ပြင်ဦးလွင်  မေ ၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် အလုပ်ရှင်၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရန်ရည်ရွယ်၍ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဦးစီးဖွင့်လှစ်သော အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ၏ စွမ်းရည်မြှင့်သင်တန်း(၁/၂၀၂၆)ကို ယနေ့နံနက် ၁၀နာရီက အလုပ်သမားဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းတွင် သင်တန်းနည်းပြအဖြစ် အလုပ်သမားဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းထွန်းက သင်ကြားပို့ချရာတွင် အလုပ်သမား‌ရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေအကြောင်းအရာများအားလည်းကောင်း၊ အလုပ်သမားများ၏ အခွင့်အရေးကိုကာကွယ်စောင့်ရှောက်ရန်လည်းကောင်း၊ အလုပ်ရှင်နှင့်အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းခွင်အေးချမ်းသာယာစေရန်လည်းကောင်း၊ အလုပ်ရှင်နှင့်အလုပ်သမား အငြင်းပွားမှုအား တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် ရပိုင်ခွင့်မျှတမှန်ကန်စွာနှင့် မြန်ဆန်စွာ ရရှိခံစားနိုင်စေရန်လည်းကောင်း ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းသည့်ဥပဒေပါအကြောင်းအရာများကို သင်ကြားပို့ချသည်။

အဆိုပါသင်တန်းသို့  ပြင်ဦးလွင်မြို့နယ်ရုံးမှ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့၀င် သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၄၂ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သွေးသွေး(ခရိုင်/ပြန်ဆက်)