ရွှေတောင် မေ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ရွှေတောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ အဖွဲ့ဝင်များမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အပေါ် ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၈) အုပ်စုရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ပျိုးရာတွင် သက်တမ်းတိုအထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး သဘာဝမြေသြဇာ (EM ဘိုကာရှီ) မြေဆွေးပုံများပြုလုပ်အသုံးပြုရေး၊ သဲဆန်ကုန်းကြောမြေများတွင် ယာ ၁ စပါးမျိုးများ ပြောင်းလဲစိုက်နိုင်ရေး၊ စက်သုံးဆီများ၊ စိုက်ပျိုးရေးစရိတ်ချေးငွေများ၊ MSMEs ချေးငွေများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကူညီပံ့ပိုးဆောင်ရွက်နေမှုအခြေအနေများ၊ မွေးမြူရေးလုပ်ငန်းများအား တိုးချဲ့မွေးမြူးရေး၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုရေး၊ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)