မြဝတီ ဇွန် ၂၅
မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းကို အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းခွဲ၌ ဇွန်လ ၂၅ ရက်နေ့ နံနက် (၁၀) နာရီက ဆောင်ရွက်သည်။
ထိုသို့ နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေနိုင်သည့် သုတ/ရသ စာအုပ်၊ စာစောင်များကို လေ့လာဖတ်ရှုနိုင်ခြင်း၊ စာဖတ်သည့် အလေ့အထများ တိုးပွားလာစေနိုင်ခြင်း၊ မိမိဖတ်ရှုလိုသည့် စာအုပ်၊ စာစောင်များကို စာကြည့်တိုက်သို့ သွားရောက်၍ ရှာဖွေဖတ်ရှုတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်သည်။
အဆိုပါ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများ လေ့လာဖတ်ရှုနိုင်ရန် သုတ/ရသစာအုပ်များ၊ ဂျာနယ်စာစောင်များစသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာတိုးပွားရေး စာအုပ်၊ စာစောင် (၁၅၀) အုပ်ကို သယ်ဆောင်၍ သွားရောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Grade-7 မှ ကျောင်းသား/ ကျောင်းသူ (၈၀) ဦး လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)