ရွှေတောင်မြို့နယ်တွင် "ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး အရှင်မုနိန္ဒဘိဇေ၏ အထိမ်းအမှတ် စေတီတော်မြတ်" စိန်ဖူးတော်နှင့် ရွှေထီးတော်တင် မင်္ဂလာအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ဗိုလ်ရုံသီလရှင် ကျောင်းတိုက်အတွင်းရှိ "ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး အရှင်မုနိန္ဒဘိဇေ၏ အထိမ်းအမှတ် စေတီတော်မြတ်" အား စိန်ဖူးတော်နှင့် ရွှေထီးတော်တင်မင်္ဂလာအခမ်းအနားကို ယမန့်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

မြို့သစ်၌ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ်သား ရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။                            

ချမ်းအေးသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းတွင် သီရိဟေမာအရှေ့ရပ်ကွက်ရှိ မိုးကောင်းတိုက်၊ အလယ်ရွှေကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ် ၃ ပေခွဲခန့်လိုရောက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၁၁၉ စင်တီမီတာခန့်လိုကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခင်လှနုထွေးထံက သိရသည်။

ကျိုက်လတ်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘိုးဘွားများအား ထောက်ပံ့လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပေတမော့ ကျေးရွာအုပ်စုရှိ ဓမ္မဝိဟာရ ဘိုးဘွားရိပ်သာတွင် ယမန်နေ့ နေ့လယ်ပိုင်းက ဘိုးဘွားများအား  ထောက်ပံ့လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး တောင်သူပညာပေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် မေလအတွင်းက မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုများအပေါ် ဒေသခံတောင်သူများ၏ စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် အစားထိုးသီးနှံများ အချိန်မီစိုက်ပျိုး၍ သီးထပ်သီးနှံများ စိုက်ပျိုးနိုင်စေရန် တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီက ရေပုတ်ကျေးရွာ ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီ က အဆိုပါတောင်ကြီးတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ပြုလုပ်ရာ တောင်ကြီး တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ ရှမ်းပြည်နယ် အားကစားနှင့်ကာယဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသအတွင်းရှိ လျှပ်စစ်ဓာတ်အားလိုင်းများ ရာခိုင်နှုန်းပြည့် ပြင်ဆင်ပြီးစီး

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာများ၌ ၁၁ ကေဗွီ ဓာတ်အားလိုင်းများ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ယိုင်လဲချို့ယွင်းပျက်စီး၍ ကျေးရွာပေါင်း (၃၂၁) ရွာ ယာယီဓာတ်အားပြန်တောက်မှုများ ဖြစ်ပေါ်ခဲ့မှုအပေါ် အမြန်ဆုံး ပြန်လည်ပြုပြင်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဇွန် ၂၈ ရက်တွင် လျှပ်စစ်ဓာတ်အားလိုင်းများ ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲနှင့် ပြည်နယ်ပြေးခုန်ပစ် လက်ရွေးစင်အသင်းအား အောင်နိုင်ရေး အလံပေးအပ်

၂၀၂၅ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချူပ်ဖလား မြို့နယ်အလိုက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲနှင့် ၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ရှမ်းပြည်နယ်ကိုယ်စားပြုဝင် ရောက်ယှဥ်ပြိုင်ကြမည့် ပြေးခုန်ပစ် လက်ရွေးစင်အသင်းအား အောင်နိုင်ရေး အလံပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့်မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ လှော်ကားရေဝေရေလဲ ဒေသအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to