ချမ်းအေးသာစံ ဇွန် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းတွင် သီရိဟေမာအရှေ့ရပ်ကွက်ရှိ မိုးကောင်းတိုက်၊ အလယ်ရွှေကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ညိုမီလှိုင်နှင့် ကျန်းမာရေးဝန်ထမ်းများမှ မိုးကောင်းတိုက်၊ အလယ်ရွှေကျောင်း တိုက်အတွင်းရှိ သက်တော် ၁၈ နှစ်အထက် သံဃာတော်များအား Pfizer အမျိုးအစား ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးများ ထပ်ဆောင်း ထိုးနှံပေးခဲ့သည်။
ချမ်းအေးသာစံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ချမ်းမြေ့မောင် (ပြန်/ဆက်)