ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ် ၃ ပေခွဲခန့်လိုရောက်ရှိ

ညောင်ဦး ဇွန် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၁၁၉ စင်တီမီတာခန့်လိုကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခင်လှနုထွေးထံက သိရသည်။

ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ညနေ ၆ နာရီခွဲအချိန် တိုင်ထွာချက်အရ ဧရာဝတီမြစ်ရေသည်စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာ အောက်သာရောက်ရှိ နေသေးပြီး ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၁၃၅ စင်တီမီတာလိုကြောင်း၊ ယနေ့နံနက် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ၂၀၀၁ စင်တီမီတာရှိနေကာ တဖြည်းဖြည်းတက်လာ နေကြောင်း ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်ရောက်ရှိရန် ၁၁၉ စင်တီမီတာသို့ရောက်ရှိကာ တဖြည်းဖြည်းနီးလာနေကြောင်း၊ မြစ်ရေကြီးမှုအခြေအနေအား ညောင်ဦးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှု အခြေအနေအား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းကာ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ညောင်ဦးမြို့တွင် ဧရာဝတီမြစ် ရေတိုင်းတာခြင်းများအား တစ်ရက်သုံးကြိမ်တိုင်းတာကြောင်း စိုးရိမ်ရေမှတ်ရောက်ရှိရန် နီးကပ်လာပါက ဧရာဝတီမြစ်ရေကြီးမှု သတိပေးချက်ထုတ် ပြန်ပေးသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရုံးတာဝန်ရှိသူများထံက သိရသည်။

ဒီပါလင်း