ကျိုက်လတ်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘိုးဘွားများအား ထောက်ပံ့လှူဒါန်း

ကျိုက်လတ် ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပေတမော့ ကျေးရွာအုပ်စုရှိ ဓမ္မဝိဟာရ ဘိုးဘွားရိပ်သာတွင် ယမန်နေ့ နေ့လယ်ပိုင်းက ဘိုးဘွားများအား  ထောက်ပံ့လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ကျိုက်လတ်မြို့နယ် ဓမ္မဝိဟာရဘိုးဘွားရိပ်သာရှိ ကျောင်းထိုင် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက် တည်ခဲ့ကြသည်။ ဆက်လက်၍ ထောက်ပံ့လှူဒါန်းမှုများ ဆောင်ရွက်ခဲ့ရာ ဓမ္မဝိဟာရဘိုးဘွားရိပ်သာရှိ ကျောင်းထိုင် ဆရာတော်အား နဝကမ္မဝတ္ထုငွေ (၁)သိန်း၊ ရိပ်သာရှိဘိုးဘွား (၂၆) ဦးအား တစ်ဦးလျှင် (၅၀၀၀) ကျပ်နှင့် ဆန် နှင့် ဆီများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူး‌ပေါင်းကာ ထောက်ပံ့လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်