ဖြူးမြို့နယ်ပြောင်သေကျေးရွာ လယ်ယာလုပ်ငန်းခွင်သုံး ကုန်ထုတ်လမ်းဘေးတွင် သီးပင်စားပင်နှင့် အရိပ်ရပင်များ စုပေါင်းစိုက်ပျိုး

ဖြူး ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ပြောင်သေကျေးရွာအုပ်စု၊ ပြောင်သေကျေးရွာလယ်ယာလုပ်ငန်းခွင်သုံး ကုန်ထုတ်လမ်းဘေးတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေးနှင့် ကျေးရွာနေပြည်သူများ ခူးယူစားသုံးနိုင်ရေးအတွက်ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာကုန်ထုတ်လမ်းကော်မတီဝင်များ၊ တောင်သူလယ်သမားများ၊ ကျေးရွာနေပြည်သူများနှင့် စုပေါင်း၍ယနေ့နံနက်ပိုင်းက သီးပင်စားပင်နှင့် အရိပ်ရပင်များ စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် ပြောင်သေကျေးရွာရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများမှထွက်ကုန်များ သယ်ယူပို့ဆောင်နိုင်ရေး ဆောင်ရွက်ထားသည့် လမ်းအရှည် (၁) မိုင် (၄) ဖာလုံ၊ လမ်းအကျယ် (၁၄) ပေရှိ ကုန်ထုတ်လမ်း၏ဘေးနှစ်ဘက်တွင် သရက်၊ ပေါက်ပန်းဖြူ၊ သခွက်၊ ဒန့်ဒလွန် စုစုပေါင်း ပျိုးပင်(၃၀၀) ကျော်အား စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်