ဝေါမြို့နယ်၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကျင်းပ

ဝေါ ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ မြို့နယ်အဆင့် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို ဇွန်လ ၂၉ ရက်နေ့နံနက် ၁၀ နာရီက ဝေါမြို့နယ်ပြွန်စုကျေးရွာ (မိုးယွန်းကြီးဆည်ရေလွဲပေါက်)တွင် ဇာတ်တိုက်သရုပ်ပြပွဲကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ပြောင်းရွေ့ခြင်း၊ ရေနစ်နေသူအား ဘောကွင်းပစ်၍ ကယ်ဆယ်ခြင်း၊ ရေနစ်နေသူအား သက်ကယ်အင်္ကျီဝတ်၍ ကယ်ဆယ်ခြင်းနှင့် ရေဘေးသင့်လာပါ မိမိအိမ်တွင်းရှိပစ္စည်းများဖြစ်သည့် ရေသန့်ဘူးခွန်များဖြင့် မိမိအသက်အား ကာကွယ်နည်းတို့ကို အသိပညာပေးဟောပြောပြီး၊ လက်တွေ့ဇာတ်တိုက်သရုပ်ပြပေးသည်။

အဆိုပါ မြို့နယ်အဆင့်ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် ဌာနဆိုင်ရာများ၊ မကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဝေါမြို့လူငယ်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူ ကျောင်းဆရာ/ဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေမှူးနှင့် ဒေသခံပြည်သူ(၁၅၀)ဦးတို့ ပူးပေါင်း၍ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေ းဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)