လှိုင်သာယာ(အနောက်ပိုင်း)၌ ၂၀၂၅ ခုနှစ် ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း) ဇွန် ၂၉

ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ခရိုင်အဆင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထို့နောက် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ခင်လှလှဝင်း၊ အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းဇော်နှင့်  ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးဝင်း-၁၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အင်းစိန်ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ် သစ်တောဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဆရာ/ဆရာမများ၊ လူမှုရေးအသင်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နည်းပညာတက္ကသိုလ် ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများတက်ရောက်ကြသည်။

အခမ်းအနားကိုစတင်ဖွင့်လှစ်ပြီး ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ တက်ရောက်လာကြသည့် ခရိုင် /မြိုနယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများ၊ ကျောင်းသား/ကျောင်းသူများက စိုက်ပျိုးမည့်ပျိုးပင်များကိုစိုက်ပျိုးကြသည်။

ထို့နောက် ရန်ကုန်အနောက်ပိုင်းနည်းပညာ​တက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့တို့သည် ပျိုးပင်များစိုက်ပျိုးနေကြသည်များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပျဥ်းကတိုး (၂) ပင်၊ ပိတောက် (၂) ပင်၊ မဟော်ဂနီ (၂၅၂) ပင်၊ ကံ့ကော် (၂) ပင်၊ ခရေ (၂၅၂) ပင်၊ ပျဥ်းမ (၂၅၀) ပင်၊ မန်းဂျန်ရှား (၂၅၀) ပင် စသည့် ပျိုးပင်ပေါင်း (၁၀၁၀) ပင်တို့အား တက်ရောက်လာကြသူ (၆၈၁)ဦးတို့က စိုက်ပျိုးခဲ့ကြကြောင်း သတင်း ရရှိသည်။

ကျော်သန်း