ကျိုင်းတုံ မေ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျိုင်းတုံမြို့တော်ခန်းမတွင် ကျင်းပသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းဦးက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ အတွေ့အကြုံများရှင်းလင်းပြောကြားပြီး လားဟူတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မိတ်ဆက်နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ပြည်သူများက သိလိုသည်များမေးမြန်းဆွေးနွေးကြရာ လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်းဖြေကြားပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က နိဂုံးချုပ်စကားပြန်လည်ပြောကြားသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)