တိုက်ကြီးမြို့နယ်၊ တိုက်ကြီးမွေးမြူရေးဇုန်၊ သနပ်ချောင်းပိတ်တမံအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ သနပ်ချောင်းပိတ်တမံအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဇူလိုင် ၅ ရက်နံနက်ပိုင်းက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာနေပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကျောက်တန်းမြို့နယ်တွင်  မိုးစပါး(seeder)ဖြင့် စိုက်ပျိုးပွဲကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ မိုးစပါးရာသီတွင် မှော်ဘီ(၃)စပါး(seeder)စံပြ စိုက်ခင်း စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်၉ နာရီက ကျောက်တန်းမြို့နယ်  အရှေ့ပိုင်းရပ်ကွက်၊ ကွင်းအမှတ် (၆၂၈-A)၊ ဦးပိုင်အမှတ် (၃၀)၊ ဧရိယာ ( ၁၀.၀၀ ) ဧကရှိ တောင်သူဦးဌေးလွင်၏လယ်မြေ၌ စံပြစိုက်ပျိုးပွဲကျင်းပခဲ့သည်။

သန်လျင်မြို့နယ်၌ ဆိတ်မွေးမြူရေးလုပ်ငန်း အောင်မြင်လျက်ရှိ

သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း စီးပွားဖြစ်ဆိတ်မွေးမြူရေးလုပ်ငန်း  အောင်မြင်စွာဆောင်ရွက်လျက်ရှိသည်။

ကရသူရိမြို့ဦးဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊   ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ မြို့အဆင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ မြို့ဦး ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်အား ဆန်၊ ဆီ၊ ဆားနှင့် လှူဖွယ်ပစ္စည်းများကို ဇူလိုင် ၅ ရက်က ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ် ကျောင်းဝန်းအတွင်း၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် လုပ်ကိုင်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီက ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင်းခြံတက္ကသိုလ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများဆုချီးမြှင့်ပွဲနှင့် ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။

ငပုတောမြို့နယ်တွင် လေဘေးသင့်မိသားစုများအား ကယ်ဆယ်ရေးပစ္စည်း၊ ဆန်နှင့် ရိက္ခာပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်၊ ပြိုကျပျက်စီးသွားသည့် မိသားစုများအား တာဝန်ရှိသူများက ဆန်၊ ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများအား ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ လွိုင်ကော်တွင် ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် အားကစားဆိုင်ရာမူဝါဒ လမ်းညွှန်ချက်များနှင့်အညီ ပြည်နယ်၏ အားကစားကဏ္ဍ ဘက်စုံတိုးတက်မြင့်မားစေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဇူလိုင် ၄ ရက် နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဖူဆယ်ဘောလုံးအားကစားရုံ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးကြသည်။
Subscribe to