ညောင်ဦး ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၇ ရက်၊ နံနက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားကာ အကြီးအကဲခရီးစဉ် လမ်းညွှန်မှာကြားချက်များအပေါ် အချိန်မီပြီးစီးအောင်ဆောင်ရွက်နိုင်ရေး၊ အထက်ဌာနအဆင့်ဆင့်မှ ညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ရေး၊ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် လုပ်ကိုင်ဆောင်ရွက်စေရေး ပြောကြားကာ တက်ရောက်လာသည့် ဌာနများအလိုက်တင်ပြသည့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း