ငပုတောမြို့နယ်တွင် လေဘေးသင့်မိသားစုများအား ကယ်ဆယ်ရေးပစ္စည်း၊ ဆန်နှင့် ရိက္ခာပေးအပ်

ငပုတော ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်၊ ပြိုကျပျက်စီးသွားသည့် မိသားစုများအား တာဝန်ရှိသူများက ဆန်၊ ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများအား ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် (၂၇-၅-၂၀၂၅) ရက်နေ့မှ (၂၉-၅-၂၀၂၅) ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ဟိုင်းကြီးကျွန်း အမှတ်(၃)ရပ်ကွက်ရှိ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်တစ်လုံး ပျက်စီးသွားခဲ့ပြီး အဆိုပါပျက်စီးသွားသော နေအိမ်အတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုးစက္ကူပုံးပါ(၁)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ ငွေကျပ်(၁၂၀၀၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အောင်ဆန်းဦး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးတို့နှင့်အတူ  လေဘေးသင့် ပြည်သူများထံသို့ လက်ဝယ်အရောက် ပံ့ပိုးပေးအပ်ခဲ့ကြာင်း သိရသည်။

အောင်သူ