ရွှေကျင်မြို့နယ် မကျည်းတန်းရပ်ကွက် အခြေခံပညာအလယ်တန်း‌ကျောင်း(ခွဲ)တွင် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး

ရွှေကျင် ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မကျည်းတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစု‌အောင်က အာဇာနည်စိတ်ဓာတ်အကြောင်းနှင့် အာဇာနည်‌နေ့ဖြစ်‌ပေါ်လာပုံအကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး၊ ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်းနှင့် ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အာဇာနည်နေ့အထိမ်းအမှတ်အကြိုအဖြစ် ကျောင်းသား/ ကျောင်းသူများအား သိသင့်သိထိုက်သည့် နံရံကပ်စာစောင်နှင့် စာအုပ်၊ စာ‌စောင်များအား ဖတ်ရှု‌စေရန်ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)