ပုသိမ်ကြီး ဇူလိုင် ၈
ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀နာရီက ပုသိမ်ကြီးမြို့နယ်ရှိ နန္ဒာခေတ်မီစံပြကျေးရွာ၌ ကျင်းပ သည်။
ဦးစွာ အမရပူရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးဝင်းမြင့်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးအောင်က သင်တန်းမိတ်ဆက်စကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနေလင်းထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစန်းယုလှိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းသားများအား အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း သင်ရိုးညွှန်းတမ်းစာအုပ်များအား ခရိုင်ဦးစီးမှူးကပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံယူသည်။ အဆိုပါသင်တန်းကို ကျေးလက်ဒေသနေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေပြီး မိသားစုဝင်ငွေ တိုးပွားစေမည်ဖြစ်သည်။ သင်တန်းကာလငါးရက်ဖြစ်ပြီး သင်တန်းသူ ၂၀ ကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်