ကော့သောင်းမြို့တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်း ဆောင်ရွက်

ကော့သောင်း ဇူလိုင် ၈

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်နိုင် ဦးဆောင်မှုဖြင့် ကော့သောင်းခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ သီးခြားတပ်ဖွဲ့စုများမှ တပ်ဖွဲ့ဝင်များမှ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံကြီးတွင်‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူ့အကျိုးပြု စုပေါင်းသွေးလှူဒါန်းခြင်း ဆောင်ရွက်ရာတွင် ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ ကော့သောင်းခရိုင် လုံခြုံရေးတပ်ခွဲ၊‌ ကော့သောင်းမြို့နယ်ရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့စု၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု၊ လေကြောင်းရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့တို့မှ  ရဲတပ်ဖွဲ့ဝင် (၁၇) ဦး စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး အဆိုပါ စု‌ပေါင်းသွေးလှူဒါန်းနေမှုအား စစ်‌ဗျူဟာအခြေချအဖွဲ့ကော့သောင်းမှ စစ်ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စွက်စာနှင့် ဂုဏ်ပြုချီးမြှင့်‌ ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)