ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၂) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီက ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ တပ်မတော် (ကြည်း)ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ချောက်မြို့မစျေး၌ အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ချောက်မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော အသားဆိုင်များတွင် အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေရေး အပတ်စဥ် ကွင်းဆင်းကြပ်မတ်ခြင်းများ‌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပျဉ်းမနားမြို့နယ်အတွင်းရှိ နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော ပြည်သူ များအား ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပျဉ်းမနားမြို့နယ်အတွင်းရှိ နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော ပြည်သူ များအား ထောက်ပံ့ပေးအပ်ပွဲ တက်ရောက် ပျဉ်းမနား ဇူလိုင် ၃ မျိုးသီဟ(ပြန်/ဆက်)

မချမ်းဘော၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုးလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်လာစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မူလွန်နန်ဆဘွမ်ကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မူဆယ်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ဆောင်ရွက်

မူဆယ်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ဆောင်ရွက် မူဆယ် ဇူလိုင် ၄ ခရိုင် (ပြန်/ဆက်)

ပွင့်ဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ‌ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်၌ နွေစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၏ ဒေသဝမ်းစာဖူလုံရေးအတွက် အထွက်တိုးစပါးများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် နွေစပါးစိုက်ဧရိယာများ၏ အထွက်နှုန်းကို စနစ်တကျ မှတ်တမ်းတင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပလက္ခုပ္ပင်ကျေးရွာအုပ်စု စာရံအိုင့်ကွင်း၌ ဦးပိုင်အမှတ် (၅၉)၊ ကွင်းအမှတ် (၈၃၆) ရှိ အကျိုးဆောင်တောင်သူ ဒေါ်တင်စိန်၏ ဆာဖိုးသာစပါးလယ်မြေတွင် ယနေ့နံနက် ၈ နာရီအချိန်က စံကွက်ရိတ်သိမ်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အ-ထ-က (နမ့်စန်) တွင် ကျောင်းသားကျောင်းသူများကို ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများအတွက် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီက အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်) တွင် ဆောင်ရွက်ခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ဟောင်ဟင်-နမ့်ကုန်း-အင်ပါကူလမ်းနှင့် အိုက်လုံ-အိုက်ငို့လမ်း ဘေးတို့တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
Subscribe to