ချောက်မြို့မစျေး၌ အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရေး ကွင်းဆင်းစစ်ဆေး

ချောက် ဇူလိုင် ၄

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ချောက်မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော အသားဆိုင်များတွင် အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေရေး အပတ်စဥ် ကွင်းဆင်းကြပ်မတ်ခြင်းများ‌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ‌ ဒေါ်လတ်လတ်ဌေးဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ဈေးကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် အသားများဝယ်ယူနိုင်စေရန် လက်ရှိမြေပြင်တွင် ရောင်းချလျက်ရှိသော အမဲသား၊ ဝက်သား၊ ဆိတ်သား စျေးနှုန်းများနှင့် အသားအရောင်းဆိုင်များတွင် ရောင်းချရန် သတ်မှတ်ပေးထားသည့် စျေးနှုန်းများ ကွာခြားမှုမရှိစေရေး၊ သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချစေရေး၊ သတ်မှတ်ပေးထားသည့် အသားစျေးနှုန်းများအား ပြည်သူများသိရှိစေရန် ဗီနိုင်းဆိုင်းဘုတ်များဖြင့် ချိတ်ဆွဲဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။           

ကျော်မိုး(ပြန်/ဆက်)