မိုင်းဖြတ်မြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုး

မိုင်းဖြတ် ဇူလိုင် ၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ဟောင်ဟင်-နမ့်ကုန်း-အင်ပါကူလမ်းနှင့် အိုက်လုံ-အိုက်ငို့လမ်း ဘေးတို့တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးရာတွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ-၁ (မြို့ပြ) ဒေါ်စိမ်းစိုစိုဝေနှင့်‌‌ ကျေးရွာနေပြည်သူများက ကျေးရွာများသို့ ဆက်သွယ်သွားလာသည့် လမ်းဘေးဝဲ/ယာများတွင် မဲဇလီ၊ မန်ဂျန်ရှား စုစုပေါင်းပျိုးပင်(၁၀၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် အိုက်လုံ-အိုက်ငို့ကျေးရွာသို့ ဆက်သွယ်သွားလာနိုင်မည့် လမ်းအရှည် ၇ ဖာလုံ၊ အကျယ် ၁၆ ပေ၊ ထု ၆ လက်မရှိ ကျောက်ချောလမ်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီးရာ ကျေးရွာဖွံ့ဖြိုးမှုများ၊ သဘာဝစိမ်းလန်းစိုပြည်ရေးများ ရရှိလာမည်ဖြစ်ကြောင်း တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)