အ-ထ-က (နမ့်စန်) တွင် ကျောင်းသားကျောင်းသူများကို ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

နမ့်စန်(တ) ဇူလိုင် ၄

ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများအတွက် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီက အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်) တွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အ-ထ-က (နမ့်စန်) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် အ-ထ-က (နမ့်စန်) မှ အလယ်တန်းပြဆရာမ ဒေါ်တင်တင်အေးက ငလျင်ဘေး အန္တရာယ်ကြီးမားပုံ၊ ငလျင်ဘေးဖြစ်ပါက လိုက်နာရမည့်အချက်များနှင့် ရှောင်ရမည့်အချက်များ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား ကျောင်းသူများက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အ-ထ-က(နမ့်စန်)မှ ဆရာ/ဆရာမများ နှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း ၃၀၀ ဦးကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

သူရအောင်(နမ့်စန်)