နတ်မောက်မြို့၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းကောင်စီဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများပေါ်ထွန်းလာစေရန်အတွက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်းက သက္ကော(အ.ထ.က)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

နတ်မောက်မြို့၌(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန( Community  Centre ) အစည်းအဝေးခန်းမတွင် ကျင်းပသည်။

မုဒုံမြို့၌ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် စာအုပ်စာစောင် နံရံကပ်ပိုစတာပြပွဲ ကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင် နံရံကပ်ပိုစတာပြပွဲဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက အ.ထ.က (၃)ကျောင်း၌ ကျင်းပခဲ့သည်။

မြို့သစ်၌ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ်သားရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့သည်။         

လှိုင်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌  အသိပညာပေး ဟော‌ပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက အသိပညာပေးဟောပြောပွဲ၊ စာအုပ်‌ စာ‌စောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ဇူလိုင်လ ၂ ရက်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းအား ယနေ့နံနက်(၈)နာရီကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ စီးပွားဖြစ်စိုက်ပျိုးထားကြသော ပြောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ တောင်သူအများအပြား မိုးရာသီကာလ ယခုအချိန်တွင် cp အမျိုးအစားပြောင်းများကို စိုက်ပျိုးထားကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် ဆုချီး​မြှင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ဇူလိုင်လ(၃)ရက်နေ့ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

လင်းခေး အခြေခံပညာအထက်တန်းကျောင်း၌ လူရည်ချွန်မောင်မယ်နှစ်ဦးအား ကြိုဆိုဂုဏ်ပြုပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၈ နာရီခွဲက (၂၀၂၄-၂၀၂၅)ပညာသင်နှစ် ဘက်စုံထူးချွန်ဆု(လူရည် ချွန်)ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူနှစ်ဦးအား ကြိုဆိုဂုဏ်ပြုပွဲကို အဆိုပါကျောင်းမုခ်ဦး၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to