ချောင်းဆုံမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ချောင်းဆုံ ဇူလိုင် ၄                       

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများပေါ်ထွန်းလာစေရန်အတွက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်းက သက္ကော(အ.ထ.က)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဟောပြောပွဲတွင်  ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားကာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မိသူဇာက ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးဆိုင်ရာများ ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများဟောပြောပြီးနောက် ဒုတိယဦးစီးမှူးဒေါ်နွေးနွေးဦးက စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းစသည်ဖြင့် ဟောပြောခဲ့ကြပြီး ကျောင်းသား /သူများ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်းနှင့်  အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)