လင်းခေး ဇူလိုင် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၈ နာရီခွဲက (၂၀၂၄-၂၀၂၅)ပညာသင်နှစ် ဘက်စုံထူးချွန်ဆု(လူရည် ချွန်)ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူနှစ်ဦးအား ကြိုဆိုဂုဏ်ပြုပွဲကို အဆိုပါကျောင်းမုခ်ဦး၌ ကျင်းပခဲ့ကြောင်း သိရသည်။
လူရည်ချွန်ဆုရရှိခဲ့သူနှစ်ဦးအနက် မယမင်းအိန္ဒြေ(သုံးထပ်ကွမ်းလူရည်ချွန်)သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်း အမှတ်အခမ်းအနားတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ ဂုဏ်ပြုဆုချီးမြှင့်ခြင်းခံခဲ့ရသည့် ကျောင်းသူဖြစ်ပြီး၊ မောင်ထွန်းထွန်းဦး (Grade-10)ကျောင်းသားသည် (၂၀၂၄-၂၀၂၅)ပညာသင်နှစ်၌ လူရည်ချွန်ဆု ပထမအကြိမ်ရရှိခဲ့သူတစ်ဦးဖြစ်ပါသည်။
၄င်းတို့အား လင်းခေးအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းအောင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းဘင်ခရာတပ်ဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ၊ လူရည်ချွန်ကျောင်းသား/ကျောင်းသူ၏ မိဘများနှင့်မိသားစုဝင်များက ဂုဏ်ပြုပန်းစည်းများဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)