ဘိုကလေးမြို့နယ်မှ အာဇာနည် (၉) ဦး ရုပ်တုများတြိဂံကျွန်းအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ဘိုကလေး-စက်ဆန်းကားလမ်းမပေါ်နှင့် ဘိုကလေးတံတားအဆင်းလမ်းဆုံ၌ တည်ရှိသည့် အာဇာနည် (၉)ဦးရုပ်တုများတည်ရှိရာ တြိဂံကျွန်းသည် မိုးတွင်းရာသီဖြစ်သည့်အလျှောက် ခြုံနွယ်ပိတ်ပေါင်းများ ပေါများ ပေါက်ရောက်နေသဖြင့် ယနေ့နံနက်ပိုင်းမှစတင်ကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုနှင့်အတူ စည်ပင်သာယာရေးဝန်ထမ်းများက သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။