မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော ပတ်ဝန်းကျင်၌ မိကျောင်းအန္တရာယ် သတိထားရှိရန် အသိပညာပေးနှိုးဆော်

မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောနှင့် ဆက်စပ်နေသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲကျေးရွာချောင်းထဲတွင် ဇူလိုင်(၂)ရက်နှင့် (၃)ရက်နေ့တို့တွင် နှစ်ရက်ဆက်တိုက် ကျေးရွာသား(၂)ဦးအား မိကျောင်းဆွဲခံခဲ့ရသဖြင့် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် မိကျောင်းဆွဲခံရအပြီး ရက်ပိုင်းများမှစတင်၍ နေ့စဉ်သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန် ထိမ်းသိန်းရေးဌာန၊ မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက မိကျောင်းအန္တရာယ်သတိထားရှိရန် အသံချဲ့စက်ဖြင့် မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောနှင့်ထိစပ်ရာ မြစ်၊ ချောင်းများ၌ လှည့်လည် အသိပညာပေးနှိုးဆော် ဆောင်ရွက်လျက်ရှိသည်။

သာပေါင်းမြို့နယ်တွင် အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်သုံးစွဲမှုမရှိစေရေးနှင့်အစားထိုး သုံးစွဲလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေး စိစစ်ကြပ်မတ်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ပြည်သူများ ကြွပ်ကြွပ်အိတ်၊ တစ်ခါသုံးပလတ်စတစ်အိတ်များ လျော့နည်းသုံးစွဲစေရေးအတွက် အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေရေးနှင့် အစားထိုး သုံးစွဲလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေး ကြပ်မတ်စစ်ဆေးခြင်းတို့ကို ယမန်နေ့နံနက် ၇ နာရီအချိန်မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် သီရိရွှေသာဈေးအတွင်း၊ အပြင်တွင် ဆောင်ရွက်ကြကြောင်း သိရသည်။

အိမ်မဲမြို့တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့် မဟာသဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘုရားကြီးများ၏ ဂုဏပူဇာအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြိုနယ်ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး ၌ နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ကွင်းကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒိယနှင့် မဟာသဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အရ ဗောဓိမြိုင်ဆရာတော် ဘဒ္ဒန္တပညာစက္က ဆရာတော်ဘုရားကြီးများ၏ ဂုဏပူဇာ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီကကျင်းပခဲ့ကြောင်း သိရသည်။

လင်းခေးမြို့နယ် (၄၉)ကြိမ်မြောက် အသံမစဲပဋ္ဌာန်းအောင်ပွဲနှင့် (၂၅)ကြိမ်မြောက်ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၏ (၄၉) ကြိမ်မြောက် အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် (၂၅)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက လင်းခေးမြို့၊ မဟာမြတ်မုနိဘုရားကျောင်းတော် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်၌ “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးစေရေးစီမံကိန်း” အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအောက်ရှိ ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအတွက် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာအုပ်စု၊ သက္ကယ်ချောင်းကျေးရွာ၌ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲအား ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်အတွင်း စိုက်ပျိုးထွက်ရှိသည့် ပဲစင်းငုံနီများ အရောင်းအဝယ်ဆက်လက်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးထွက်ရှိသော ပဲစင်းငုံနီများ ပြည်တွင်းပြည်ပဝယ်ယူမှု များပြားခြင်းကြောင့် အရောင်းအဝယ် ဆက်လက်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယိုမျိုးစုံပြုလုပ်နည်း သင်တန်း အခမဲ့ဖွင့်လှစ်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူဖြစ်စေရန်အတွက် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်း(ယိုမျိုးစုံ) ပြုလုပ်နည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် အမှတ် (၃၆) အ.ထ.ကတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉:၃၀) နာရီက အမှတ် (၃၆) အခြေခံပညာအထက်တန်းကျောင်း ဗန္ဓုလခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်း ဆေးကုသ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ဘူတာရပ်ကွက်အတွင်းရှိ ပြည်သူ များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများက (အခမဲ့)နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသခြင်းကို ဇူလိုင် ၆ ရက်က ဆောင်ရွက်သည်။

မိတ္ထီလာမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)များ လက်တွေ့ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)များ လက်တွေ့ကိုင်တွယ်အသုံးပြုနည်းသင်တန်း(ပထမအကြိမ်) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၇ ရက် နံနက် ၉နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Subscribe to