ဘိုကလေး ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ဘိုကလေး-စက်ဆန်းကားလမ်းမပေါ်နှင့် ဘိုကလေးတံတားအဆင်းလမ်းဆုံ၌ တည်ရှိသည့် အာဇာနည် (၉)ဦးရုပ်တုများတည်ရှိရာ တြိဂံကျွန်းသည် မိုးတွင်းရာသီဖြစ်သည့်အလျှောက် ခြုံနွယ်ပိတ်ပေါင်းများ ပေါများ ပေါက်ရောက်နေသဖြင့် ယနေ့နံနက်ပိုင်းမှစတင်ကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုနှင့်အတူ စည်ပင်သာယာရေးဝန်ထမ်းများက သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တြိဂံကျွန်းအတွင်းနှင့် အပြင်ပလက်ဖောင်းပတ်ဝန်းကျင်ရှိ မြက်ပင်ပေါင်းပင်များအား ခုတ်ထွင်ဖြတ်တောက်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များအား ကောက်ယူသိမ်းဆည်းခြင်း၊ ပန်းအလှပင်များအား ပြုပြင်မွမ်းမံခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)