ရွှေဘိုတက္ကသိုလ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်​ ဟော​ပြောပွဲ၊ စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

​ရွှေဘို ဇူလိုင် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘိုတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ (၇၈) နှစ်မြောက် အာဇာနည် နေ့အထိမ်းအမှတ်​ ဟော​ပြောပွဲ၊ စာစီစာကုံးနှင့် ​ဆောင်းပါး ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယ​နေ့နံနက် ၁၀ နာရီချိန်ကကျင်းပရာ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​သောင်းတင်​ထွေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဖိတ်ကြားထားသူများ၊​​ ရွှေဘိုတက္ကသိုလ်​ပါ​မောက္ခချုပ်ဆရာမကြီး​ ဒေါက်တာမျိုးမျိုး၊ ဒု​ပါ​မောက္ခချုပ်ဆရာမကြီး​ ဒေါက်တာတင်တင်ရီနှင့်​ဒေါက်တာမြယဥ်ယဥ်ငြိမ်း၊ ပါ​မောက္ခ၊ ကထိက၊ ဌာနမှူးများ၊ နည်းပြ၊ သရုပ်ပြဆရာ/ဆရာမများကျောင်းသား/​ကျောင်းသူများ တက်​​ရောက်ခဲ့ကြသည်။

​ရှေးဦးစွာ​ ပါ​မောက္ခချုပ်ဆရာမကြီး ​ဒေါက်တာမျိုးမျိုးက ​ကျောင်းသား​မောင်မယ် လူငယ်​လေးများအ​နေဖြင့် အာဇာနည်စိတ်ဓါတ်ကိုအတုယူပြီး တိုင်းပြည်နှင့် လူမျိုးအ​ပေါ်ချစ်သည့် စိတ်ဓါတ်များကိန်း​အောင်း​စေရန်ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်​​ပေးရခြင်းဖြစ်​ကြောင်း​ပြောကြားပြီး၊​ ဒေါက်တာသီတာစိန်(မြန်မာစာဌာန၊တွဲဖက်ပါ​မောက္ခ)က"ကဗျာများကညွှန်းဆို​သော အာဇာနည်ပုံရိပ်များ"၊ ဒေါက်တာစန်းစန်းဝင်း(သမိုင်းဌာန၊ ပါ​မောက္ခဌာနမှူး)က "အာဇာနည်​နေ့အ​ကြောင်း သိ​ကောင်းစရာများ"​ခေါင်းစဥ်များဖြင့် ​ဟော​ပြောခဲ့သည်။

ထို့​နောက်​ ဟော​ပြောခဲ့သည့် ဆရာမများအားဂုဏ်ပြုလက်​ဆောင်နှင့် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိကြသည့်​၊ ဆရာမများ၊ ကျောင်းသား/သူများအား ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​သောင်းတင်​ထွေးနှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ်ဆရာမကြီး ​ဒေါက်တာမျိုးမျိုးတို့က ဆုများအသီးသီး ချီးမြှင့်​ပေးအပ်ခဲ့ပြီး အမှတ်တရစု​ပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင်   "​လေးစားဂုဏ်ရည် အာဇာနည်"စာစီစာကုံး​ခေါင်စဥ်ဖြင့်လည်း​ကောင်း"အာဇာနည်​နေ့နှင့် အမျိုးသား​ရေးတာဝန်"​ဆောင်းပါး​ခေါင်းစဥ်များဖြင့်​ နည်းပြဆရာ/ဆရာမများ၊ ကျောင်းသား/​ကျောင်းသူ စုစုပေါင်း (၄၃)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြ​ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)