သံတောင်ကြီးမြို့နယ်တွင် အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

သံတောင်ကြီး ဇူလိုင် ၇

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (နာရီအချိန်က သံတောင်ကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊  ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီစသည့် ကာကွယ်ဆေးများကို ကျန်းမာရေးဆရာမဒေါ်နော်နီကမွီးနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

စောမင်းသား(ပြန်/ဆက်)