သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး

တောင်ငူ ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး နေ့စဥ်အခမဲ့ ထိုးနှံပေးလျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်ရှိ သံဃာတော်အရှင်မြတ်များအား သွားရောက်ထိုးနှံပေးသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမီမီခင်က အနီးကပ်ကြီးကြပ်၍ သံဃာတော်အရှင်မြတ်များအား ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုကြောင့် အသက်သေဆုံးမှု မရှိစေရေးအတွက် ရည်ရွယ်ကာ ယနေ့တွင် သီတဂူ ကေတုမတီ ဗုဒ္ဓတက္ကသိုလ်ရှိ သံဃာတော်အရှင်မြတ် (၁၂၅) ပါးနှင့် သီလရှင် (၂) ပါးတို့ကို ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)