ကချင်ပြည်နယ်ဝန်ကြီးချုပ် ပညာရေးဒီဂရီကောလိပ်(မြစ်ကြီးနား)၌ ကျင်းပပြုလုပ်သည့် မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်၊ ဝိုင်းမော်မြို့နယ် မိုင်းနားနှင့် နောင်ချိန်းကျေးရွာအုပ်စုများအတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်နှင့် ဆီများ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ ပညာရေးဒီဂရီကောလိပ်(မြစ်ကြီးနား)ရှိ သင်တန်းသား/သင်တန်းသူများအား ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီနှင့် ပြည်နယ်မြန်မာ့သိုင်းဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကောလိပ် အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၊ အ.ထ.က(ခွဲ) အမှတ်(၁) ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဇူလိုင်လ ၁၀ ရက်နေ့နံနက်ပိုင်းက အ.ထ.က(ခွဲ) အမှတ်(၁)ကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်္ဂလာဒုံမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဇူလိုင် ၉ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

တာမွေမြို့နယ်၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင် ၉ ရက်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အ-မ-က လယ်ပေါ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ-မ-က လယ်ပေါ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟော ပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပခြင်းကို ဇူလိုင်လ ၁၀ ရက်နေ့မွန်းလွဲ (၂)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပန်းတောင်းမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်နှင့်  အသေးစားကုန်ထုတ်လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေးအတွက် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁:၁၅) မိနစ်က တောင်ဘွေကျေးရွာအုပ်စု၊ တောင်ဘွေကျေးရွာ၊ အမှတ် (၉၂) ခြေလျင်တပ်ရင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့၌ သဘာ၀ဘေးအန္တရာယ်များနှင့် အန္တရာယ်ကျရောက်စဉ် ပြုမူနေထိုင်ပုံအကြောင်း ဟောပြောသရုပ်ပြသခြင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇူလိုင်လ ၁၀ ရက် နေ့လယ်ပိုင်းက သဘာ၀ဘေးအန္တရာယ်များအကြောင်းနှင့် သဘာ၀ဘေးကျရောက်စဉ် ပြုမူနေထိုင်ပုံအကြောင်းဟောပြောခြင်းနှင့် သရုပ်ပြသခြင်းကို အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်) ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ပြည်သူလူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ပြည်သူလူထုလှုပ်ရှားမှုအသွင်ဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီအချိန်က မင်းဘူး-အမ်းကားလမ်း မိုင်တိုင်အမှတ် ၁၁/၂ မိုင်ရှိ တဲကုန်းကျေးရွာအနီး လေးပင်-အိုင်းမ ကြိုးပြင်ကာကွယ်တောအတွင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ် ဇော်ဇော်ထွန်း၊ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးတင်လတ်စိုး၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံ ပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ် ရန်ကုန်ပေါက်ရေပေးဝေရေးစခန်းနှင့် ဒလမြို့နယ်ဇုန် (၁၀)ရေပေးဝေရေးစခန်းသို့ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုလေ့လာ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ရန်ကုန်ပေါက်ကျေးရွာရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒလမြို့နယ်သို့ ပြည်သူများသန့်ရှင်းသော သောက်သုံးရေရရှိစေရေးအတွက် ရေပေးဝေရေး စခန်းများသို့ ဇူလိုင်လ ၁၀ ရက်နေ့နံနက် ၈ နာရီက တာဝန်ရှိသူများ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် ပျော်ဘွယ်မြို့နယ်တွင် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

အပူပိုင်းဒေသ(၁၃)ခရိုင်အတွင်း တစ်ခုအပါအဝင်ဖြစ်သည့် ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက်(၇)နာရီက ညောင်ရွှေကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၂၈၈/၂)အနီးတွင် ကျင်းပရာ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်၊ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
Subscribe to