ပန်းတောင်းမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပန်းတောင်း ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်နှင့်  အသေးစားကုန်ထုတ်လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေးအတွက် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁:၁၅) မိနစ်က တောင်ဘွေကျေးရွာအုပ်စု၊ တောင်ဘွေကျေးရွာ၊ အမှတ် (၉၂) ခြေလျင်တပ်ရင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၉၂) ခြေလျင်တပ်ရင်းတွင် သင်တန်းတက်ရောက်နေသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (လှုပ်ရှား) အဖွဲ့အား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့မှဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရေသန့်နှင့် စားစရာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အခမ်းအနားတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်း​အောင်မှ သင်တန်းဖွင့်အမှာစကားပြောကြားကာ ပြည်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဖြိုးဖြိုးအောင်မှ သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခြင်းနှင့် ပန်း​တောင်း​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သင်တန်းသူများအား သင်တန်းတွင်အသုံးပြုမည် သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၂၀)ဦးတို့ တက်ရောက်ပြီး သင်တန်းတွင် ဘက်စုံသုံး၊ အဝတ်လျှော်၊ လျှော်မွေး၊ ရေချိုးဆပ်ပြာရည်အမျိုးမျိုး၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲအမျိုးမျိုး ထုတ်လုပ်နည်းတို့ကို စာတွေ့လက်တွေ့ (၅) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်း​အောင် ဦးဆောင်၍ ဥသျှစ်ပင်မြို့၊ ရတနာပုံရပ်ကွက်၊ သုခိတာရာမကျောင်းတိုက်အတွင်း ကျောင်းပြင်ပမူလတန်းပညာရေး လက်ရှိ သင်ကြားနေမှုအား ကြည့်ရှုစစ်ဆေး၍ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း၊ ထုံးဘိုကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာရှိ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျခြင်းကို ထိန်းသိမ်းကာကွယ်ရန်အတွက် မြေထိန်းနံရံတည်ဆောက်နေမှု အခြေအနေအား ကြည်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

လပြည့်လင်း