ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်း ဒုတိယအကြိမ် ရက်ကန်းသင်တန်း(၆)လ လွိုင်ကော်မြို့တွင် ဖွင့်လှစ်
ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းမှ (၂၀၂၅-၂၀၂၆)ပညာသင်နှစ် ဒုတိယအကြိမ် လက်ရက်ကန်း(၆)လသင်တန်းဖွင့်ပွဲကို ယနေ့နံနက်က အဆိုပါသင်တန်းခန်းမ၌ ကျင်းပသည်။