ရွှေတောင်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.မ.က ကြာနီကန်ကျောင်းတွင် ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြာပွဲနှင့် နံရံကပ်စာစောင် ပြပွဲ ကျင်းပခဲ့သည်။

ကလောမြို့နယ်၊ဟဲဟိုးမြို့၌ “ပုလဲသီတာ” စာကြည့်တိုက်ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ အမှတ်(၁)ရပ်ကွက်၌ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ထောက်ပံ့ငွေကျပ် သိန်း(၁၅၀) ဖြင့် ဆောက်လုပ်ခဲ့သည့် ဟဲဟိုးမြို့ “ပုလဲသီတာ” စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ဇူလိုင်လ ၁၀ ရက်နေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျောင်းသား/သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်းကို ဇူလိုင်လ (၁၀) ရက်နေ့ နံနက် ၁၀ နာရီအချိန်က သီရိဟေမာရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပုံပြင်‌ပြောပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင်လ ၁၀ ရက်နေ့နံနက် ၁၀ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

မကွေးမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်း လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ဇူလိုင်လ (၁၀) ရက်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးတွင် "မိမိကစ၍ ကာကွယ်ပါ"ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေး Talk show ပြုလုပ်

ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးတွင် "မိမိကစ၍ ကာကွယ်ပါ"ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေး Talk show ပြုလုပ် သင်္ဃန်းကျွန်း ဇူလိုင် ၁၂ ခရိုင်(ပြန်/ဆက်)
Subscribe to