အိမ်မဲ ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ-မ-က လယ်ပေါ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟော ပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပခြင်းကို ဇူလိုင်လ ၁၀ ရက်နေ့မွန်းလွဲ (၂)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာ၌ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ရှိန်မြှင့်တင်ရေးဟော ပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် များကိုလည်းကောင်း၊ စာပေဖတ်ရှုခြင်းအကျိုး၊ လူငယ်နှင့်စာရိတ္တအကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကျင်းပခဲ့ပြီး မြို့နယ်ဦးစီးအရာရှိနှင့် ကျောင်းအုပ်ဆရာမကြီးတို့က အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကာ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့်အသိပညာပေး နံရံကပ်စာစောင်များကိုပြသပေးခဲ့ပြီး ဆရာ/မများ၊ မိဘများအား မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ချစ်သက်လယ်(ပြန်/ဆက်)