ဒလမြို့နယ်  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပုံပြင်‌ပြောပြိုင်ပွဲ ကျင်းပ

ဒလ  ဇူလိုင်  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင်လ ၁၀ ရက်နေ့နံနက် ၁၀ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာ၀င်းက (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများ၊ ပြိုင်ပွဲများ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မူလတန်းအဆင့်  ပုံပြင်ပြောပြိုင်ပွဲကိုကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပုံပြင်‌ပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒလမြို့နယ်ရုံးအ‌နေဖြင့် ပြည်သူများအသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် အသိပညာပေးလုပ်ငန်းများ၊ လူငယ်ရေးရာအသိပညာပေးလုပ်ငန်းများ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ ပြပွဲများ၊ ပြိုင်ပွဲများနှင့်နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်လျက်ရှိသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)