မကွေး ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ဇူလိုင်လ (၁၀) ရက်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မကွေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးမှလက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူရက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အကြောင်းအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် ဦးစီးအရာရှိ ဒေါ်သိမ့်မမထွန်း၊ ဒုတိယဦးစီးမှူး ဒေါ်စန္ဒီအိန္ဒြေထွန်းတို့က မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် စမ်းသပ်မဲပေးခြင်းများကို လက်တွေ့သရုပ်ပြသခဲ့သည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသော ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ၀န်ထမ်းများက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် စမ်းသပ်မဲပေးခြင်းများ လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ စမ်းသပ်မဲပေးခြင်း အခမ်းအနားကို မကွေးမြို့ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများတွင် ဇူလိုင်လ ၇ ရက်နေ့မှ ၁၈ ရက်နေ့ထိ လက်တွေ့သရုပ်ပြစမ်းသပ်မဲ ပေးခြင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်ဆက်)