စစ်ကိုင်း မေ ၁၂
စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များအပေါ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများ ဆောင်ရွက်ပြီး အသင့်ထားရှိလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မြင့်ဟန်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ စုစုပေါင်း(၃၅)ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လူ၊ ယာဉ်၊ စက်၊ ပစ္စည်းကိရိယာများ အသင့်စုဖွဲ့၍ လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)