မြင်းမူ မေ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြင်းမူမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များအပေါ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများဆောင်ရွက်ပြီး အသင့်ထားရှိလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြင်းမူမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဦးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ စုစုပေါင်း(၃၅)ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လူ၊ ယာဉ်၊ စက်၊ ပစ္စည်းကိရိယာများ အသင့်စုဖွဲ့၍ လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)