ဆိပ်ဖြူ မေ ၁၂
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလေးမောင်တို့က မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် ကော်မတီဝင်များနှင့် ဝန်ထမ်းများအား ဂုဏ်ပြုအမှာစကားများ ပြောကြားသည်။ ထို့နောက်ဒေသဖွံ့ဖြိုးတိုးတက်ရေး မြို့ပြအင်္ဂါရပ်များနှင့်အညီ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ဆက်လက်ဖော်ဆောင်မည့်လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမင်းစည်သူနှင့် ကော်မတီဥက္ကဋ္ဌတို့က တင်ပြခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ကဏ္ဍအလိုက် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးမည့် လုပ်ငန်းရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ဝန်ထမ်းများအား ထောက်ပံ့ငွေ (၁၀) သိန်းကျပ်နှင့် အဝတ်အထည်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုဇွဲ (အညာမြေ)