ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

ဒလ ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၁) နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာ၀င်းက (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မူလတန်းအဆင့် ​ပန်းချီပြိုင်ပွဲကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက အသီးသီးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိမည့် ကျောင်းသား၊ ကျောင်းသူများအား ဇူလိုင်လ ၁၅ ရက်နေ့တွင် ကျင်းပမည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်၊၊

ဒလမြို့နယ်ရုံးအ‌နေဖြင့် ပြည်သူများအသိပညာနှင့် ဗဟုသုတများ တိုးပွားလာစေရေးအတွက် အသိပညာပေးလုပ်ငန်းများ၊ လူငယ်ရေးရာအသိပညာပေးလုပ်ငန်းများ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်ပေးလျက်ရှိပါသည်။

ရဲရင့်သူ (ပြန်/ဆက်)