ဟိုင်းကြီးကျွန်းမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကျင်းပ

ဟိုင်းကြီးကျွန်း ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက်(၁၀း၀၀)နာရီအချိန်က အ.ထ.ကဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အ.ထ.က ဟိုင်းကြီးအခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား ထက်၊ လယ်၊ မူအဆင့်အလိုက် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး ထူးထူးချွန်ချွန်ဆုရရှိခဲ့ကြသူများအား ကျောင်းအုပ်ဆရာကြီး ဆရာ၊ ဆရာမများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကာ ထူးချွန်လက်ရာများအား ကျောင်းသား/ ကျောင်းသူများ ကြည့်ရှုလေ့လာနိုင်စေရေး ခင်းကျင်းပြသထားပြီး ကျောင်းသား/ ကျောင်းသူများ၏ အရည်အသွေး ပိုမိုတိုးတက်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မျိုးအောင်