မြို့သစ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း လက်တွေ့သရုပ်ပြခြင်းအခမ်းအနား ကျင်းပ

မြို့သစ် ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြသခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူးသီဟအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးမှ ဦးစီးအရာရှိက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်းအား Power Point  ဖြင့် ရှင်းလင်းပြသခဲ့သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြိုနယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ သင်တန်းသား/ သင်တန်းသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းများ လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)