သာကေတမြို့နယ်တွင်(၁၇)ကြိမ်မြောက်သက်မွေး အိမ်တွင်းမှုပညာ(အခမဲ့)သင်တန်းဖွင့်လှစ်မည်

ရန်ကုန်  ဇန်နဝါရီ   ၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club တို့ပူးပေါင်း၍ အမျိုးသမီးများတစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် ရည်ရွယ်၍(၁၇)ကြိမ်မြောက် သက်မွေးအိမ်တွင်းမှုပညာ (အခမဲ့)သင်တန်းအဖြစ် ခြင်ပြေးဖျန်းဆေးရည်ပြုလုပ်နည်းသင်တန်းကို ဇန်နဝါရီလ (၁၁)ရက်နေ့၌ နံနက်(၉)နာရီမှနေ့လယ် (၁:၃၀)အထိ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန community centre ခန်းမတွင် ဆရာမဒေါ်ကျင်မြိုင်မှ အခမဲ့သင်ကြားဖွင့်လှစ်မည်ဖြစ်သည်။

အဆိုပါသင်တန်းကို စိတ်ပါဝင်စားသူ မည်သူမဆို အသက်အရွယ်အပိုင်းအခြားမရွေး တက်ရောက်နိုင်ပြီး သင်ထောက်ကူပစ္စည်းများအား ထောက်ပံ့ပေးမည်ဖြစ်ကြောင်းသိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)