မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်များ အခမဲ့ထောက်ပံ့

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာတွင် ငါးလုပ်ငန်းဦးစီးဌာနမှ Covid-19 Economic Relief Plan ၏ Action Plan အရ ယနေ့ နံနက် ၉ နာရီက ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ မဲရုံပြင်ဆင်ထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မိချောင်းတစ်ရာကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် မဲရုံပြင်ဆင်ထားရှိမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးသန်းဆွေ ဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဒေါ့ဖုန်းယန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းစာကြည့်တိုက် များသို့ စာအုပ်စာစောင် လှူဒါန်းပွဲ ကျင်းပ

အခြေခံပညာကျောင်းများရှိ ကျောင်းသားလူငယ်များ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများကို လေ့လာနိုင်ရန် ရည်ရွယ်၍ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမတွင် ကျောင်းစာကြည့် တိုက်များသို့ စာအုပ်စာစောင်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

အလုံမြို့နယ်၌ သစ္စာစီမံချက်ဖြင့် အသက် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်​ရေးကတ်ပြားများ ကွင်းဆင်း​ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးနှင့် မဲပေးပိုင်ခွင့် ရှိသူ နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ​​ဆင်မင်းရပ်ကွက်နှင့် ဌာနာရပ်ကွက်ရပ်ကွက်တို့ တွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

လိပ်သိုမြို့ရှိ ရန်ကြီးအောင်ဘုရားရင်ပြင်တော်အား ပြုပြင်မွမ်းမံခြင်း စုပေါင်းလုပ်အားပေးဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ရန်ကြီးအောင် ဘုရားရင်ပြင်တော်အား ပြုပြင်မွမ်းမံခြင်းစုပေါင်းလုပ်အားပေးကို ယမန်နေ့နံနက်မှစ၍ လိပ်သိုမြို့ ဗုဒ္ဓဘာသာဂေါပကအဖွဲ့မှ ဦးစီးပြီး လိပ်သိုလူငယ်အဖွဲ့၊ ယောဂီအဖွဲ့တို့က ပါဝင်စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့တွင် လေဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဗမာမြောင်ကြီးကျေးရွာတွင် ဩဂုတ် ၁၉ ရက်နေ့က လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲကာ နေအိမ်ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးက ယနေ့နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ရုံးခန်းမ၌ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခေါင်လန်ဖူး၌ ကျေးရွာတိုင်း ယင်လုံအိမ်သာသုံးစွဲနိုင်ရေးအတွက် ယင်လုံအိမ်သာခွက်များ အခမဲ့ ဖြန့်ဝေပေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ကျေးရွာတိုင်းယင်လုံအိမ်သာသုံးစွဲနိုင်‌ရေးအတွက် ကောင်လိုလပ်‌‌အုပ်စုတွင် ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပြည့်သူ့ကျန်းမာရေး ဦးစီးဌာနမှ ယင်လုံအိမ်သာခွက်များ အခမဲ့ဖြန့်‌ဝေပေးခဲ့ကြောင်းသိရသည်။

လမ်းမတော်မြို့နယ် UMFCCI တွင် ကုန်သည်စက်မှုအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး (ဗ- ၃/၁၉-၂၂) ကျင်းပ

လမ်းမတော်မြို့နယ် UMFCCI တွင် ကုန်သည်စက်မှုအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်း အဝေး (ဗ-၃/၁၉-၂၂)ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် Online Video conferencing ဖြင့် ကျင်းပခဲ့ပြီး ရှေးဦးစွာ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ လုပ်ငန်းလမ်းညွှန်အမှာစကားပြောကြားရာတွင် UMFCCI မှ စီစဉ်ရိုက်ကူးတင်ဆက်လျက်ရှိသည့် Webinar Series များအနေဖြင့် ​ကြည့်ရှုသူအရေအတွက် များပြားလျက်ရှိပြီး စိတ်ဝင်စားမည့် ခေါင်းစဉ်များဖြင့် ထပ်မံ ရိုက်ကူးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ချေးငွေများ လုပ်ငန်းရှင်များထံသို့ အလျင်မြန်ဆုံးရရှိစေရန်အတွက် အသင်းချုပ်အနေဖြင့် လက်ခံရရှိသော လျှောက်လွှာပေါင်း(၁၀,၀၀၀)ကျော်အား ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရှိန် အဟုန်မြင့် စီစစ်လျက်ရှိကြောင်း၊ မူဝါဒနှင့်သုတေသနပိုင်းဆိုင်ရာ ပိုမိုတိုးတက်လာစေရေး ဆောင်ရွက်နေမှုများ အသင်း ချုပ်၏ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းကော်မတီများမှလည်း ကြိုးပမ်းဆောင်ရွက်​လျက်ရှိမှုများကို ပြောကြားခဲ့ သည်။

ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၌ ရွေးကောက်ပွဲအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများကို ပြည်သူများ လေ့လာသိရှိနိုင်ရန် ယနေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့မိမြို့ဖ၊ အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးကော်မရှင်များပူးပေါင်း၍ ရွေးကောက်ပွဲလက်ကမ်းစာစောင်၌ မဲဆန္ဒရှင်စာရင်းများ ကြေငြာချက်များကို ပြည်သူများ ကျယ်ကျယ်ပြန်ပြန့် သိရှိနိုင်ရေး၊

ဘောဂလိမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအတွက် (တတိယအကြိမ်)ထောက်ပံ့ငွေများ ဆက်လက်ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ ဘောဂလိမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု
Subscribe to