ဒေါ့ဖုန်းယန် သြဂုတ် ၂၁
အခြေခံပညာကျောင်းများရှိ ကျောင်းသားလူငယ်များ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကို လေ့လာနိုင်ရန် ရည်ရွယ်၍ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမတွင် ကျောင်းစာကြည့်တိုက်များသို့ စာအုပ်စာစောင်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဦးက စာအုပ်စာစောင်များ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒေါ့ဖုန်းယန်မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းစာကြည့်တိုက်၊ နားလုံ ကျေးရွာ အ.ထ.က(ခွဲ) ၊ ဖာကေ ကျေးရွာ အ ထ က (ခွဲ)၊ သိန်လုံကျေးရွာ အလက (ခွဲ) ၊ တိန်းဘုရားကျေးရွာ မူလွန်ကျောင်း စာကြည့်တိုက်များသို့ မဂ္ဂဇင်း ၊ ဂျာနယ် ၊ ဝတ္တု စာအုပ်စာစောင်များကို လှူဒါန်းပေးအပ်ခဲ့သည်။
ဆက်လက်၍ ဒေါ့ဖုန်းယန်မြို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်တောင်က အခုလို ကျောင်းစာကြည့် တိုက်များသို့ စာအုပ် စာစောင်များ လှူဒါန်းပေးသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ကျေးဇူးတင် ရှိကြောင်းပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရသည်။
မြသက်(ပြန်/ဆက်)