ပင်းတယမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း မဲဆန္ဒရှင် စာရင်းများ မှန်ကန် စေရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွှဲ ၁ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။