အမာမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ယနေ့ နံနက် ၈ နာရီမှ ၁၁နာရီအထိ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကော့ကရိတ်မြို့တွင် အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ​အောင်မြင်​စွာ​ဆောင်ရွက်နိုင်​ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပ

ကရင်ပြည်နယ်၊​​ ကော့ကရိတ်ခရိုင်တွင် ကကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်​နေ့နံနက် (၁၀) နာရီအချိန်က ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ခမောက်ကြီးမြို့၊ (၄၅) မိုင်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ (၄၅) မိုင် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ခမောက်ကြီးမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက ယမန်နေ့နံနက်တွင် ဆောင်ရွက်ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါမိုးမိုးစုကြည် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တွေ့ဆုံဆွေးနွေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြိုန့ယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့၌ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အခွင့်အရေး မဆုံးရှုံးစေရေးအတွက် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်း အား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ဦးဆောင်သော တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းထားရှိ သည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး ပံ့ပိုးကူညီးရေးအဖွဲ့နှင့် ကမာရွတ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ယမန်နေ့မွန်းလွဲ(၁:၀၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ကမာရွတ်မြို့နယ် အမှတ်(၁)ရပ်ကွက်အတွင်းရှိ သင်တန်းကျောင်းများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ဆောင်ရွက်ထားခြင်းရှိ/မရှိစစ်ဆေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ မြို့နယ် စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပညာရေးဌာန တို့မှ ယမန်နေ့ ညနေ ၄ နာရီက အမှတ်(၁)ရပ်ကွက်ရှိ ပုဂ္ဂလိကသင်တန်းကျောင်း၊ KMD သင်တန်း ကျောင်း၊ ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း၊ Success Language သင်တန်းကျောင်းတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်အညီ စနစ်တကျ ဖွင့်လှစ်ခြင်းရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ Covid-19 QuaratineCenter စောင့်ကြည့်ခံများအတွက် ငွေသားထောက်ပံ့ ပေးအပ်ခြင်း အခမ်း အနားကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန မှ Covid -19 Quaratine Center များရှိ စောင့်ကြည့်ခံ အသက်(၆၀)နှစ် အထက်၊ ကလေး၊ ကိုယ်ဝန်ဆောင် များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားအား ယနေ့ နံနက် ၉ နာရီ အချိန် က ဟိတကာရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

လှိုင်သာယာမြို့နယ်၌ ရဲတပ်ရင်းအမှတ်(၉) တပ်ဖွဲ့ဝင်များထံသို့ ငါးသေတ္တာ၊ ကော်ဖီမစ်နှင့် နို့မှုန့်ထုပ်များ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးကာလအတွင်း ရဲတပ်ရင်းအမှတ်(၉)တပ်ဖွဲ့ဝင်များထံသို့ ငါးသေတ္တာဘူး၊ ကော်ဖီမစ်နှင့် နို့မှုန့်ထုပ်များကို We Love Yangon ၊ We Love Hlaingtharyar အဖွဲ့ဝင်များနှင့် လှိုင်သာယာမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ တို့က ယမန်နေ့ နံနက်ပိုင်းက လှိုင်သာယာမြို့နယ် ခန်းမတွင် ပေးအပ်လှူဒါန်းသည်။

မိုင်းဖြတ်၌ အသက် နှစ်လမှ တစ်နှစ်ခွဲ ကလေးငယ်များကို ပုံမှန် ကာကွယ်ဆေး တိုက်/ဆေး ထိုးခြင်းလုပ်ငန်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင် နှင့် ကလေးကျန်းမာရေးဌာနမှ အသက်နှစ်လမှ တစ်နှစ်ခွဲကလေးငယ်များကို ပုံမှကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်း လုပ်ငန်းကို ယနေ့ နံနက် ၈နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက် ပေးနေကြောင်း သိရသည်။

အလုံမြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိ​စေ​ရေးအတွက် ​တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်​ဆေးခြင်း​ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးခွင့်ရှိသူများအားလုံး မဲစာရင်း တွင်ပါဝင်နိုင်​​ရေးနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် ယမန်​နေ့ ညနေ (၄)နာရီအချိန်က အလုံမြို့နယ် ဌာနရပ်ကွက်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့​​​ကြောင်း သိရှိရသည်။

ဘုရားသုံးဆူမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ယမန်နေ့ နေ့လယ်က အမှတ်(၂) ရပ်ကွက်၊ အ.မ.က မူလွန်ကျောင်း၌ ဆောင်ရွက်ခဲ့ပါသည်။
Subscribe to