အင်ဂျန်းယန် သြဂုတ် ၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် အာဟာရ ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသက်(၆)လမှ (၅)နှစ်အောက် ကလေးများအား Vitamin A နှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီတွင် ပြည်သူ့ဆေးရုံ၌ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် NGO အသင်းအဖွဲ့အစည်းဖြစ်သော Health Poverty Action (HPA) တို့ပူးပေါင်း၍ အာဟာရရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသက်(၆)လမှ (၅)နှစ်အောက် ကလေးများအား ကိုယ်အလေးချိန်နှင့် လက်မောင်းလုံးပတ် တိုင်းတာခြင်းနှင့် မှတ်တမ်းရေးသွင်းခြင်း၊ Vitamin A နှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ကလေးငယ်များအား (HPA)အဖွဲ့က အမှတ်တရအင်္ကျီ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်စိုးနိုင်(ပြန်/ဆက်)